Sunday, August 19, 2007

မျှော်လင့်ခြင်းတွေရယ်...
ယုံကြည်ခြင်းတွေရယ်...
တိမ်စိုင်များလို
လေနှင်ရာ ပြိုကွဲတယ်


အိပ်မက်များစွာရယ်...
ပျော်ရွှင်ခြင်းတွေရယ်...
မြူမှုန်များလို
နေရောင်မှာ ပြယ်လွင့်တယ်




မိုးကောင်းကင်ထက်
များတဲ့တို့အချစ်များ..
ကြယ်စင်အားလုံးထက်
လင်းတဲ့ တို့အချစ်ည..
အပြာရောင် အချစ်ည
ကမ္ဘာမှာ...




ဒီအချိန် ကျောင်းတော်ကြီးရဲ့
အလယ်မှာ..
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ...
အချိန်စက်ဝိုင်းများက ...
ကုစားမစွမ်းနိုင်ပါ...
လွမ်းရယ်...မပြေဘူး...
ကျောင်းသားဘ၀...
ငါတို့ ကျောင်းသားဘ၀...




ဖြစ်ချင်တာက ဘာမှန်းမသိ...
ဘာမှ မရှိ...
ေ၀၀ါးနေဆဲ...



jj

ချစ်ရိပ်ပျိုးပါလို့.......ချစ်မိုးရိပ်သူဆင်.......
ချစ်မိုးရယ် တကယ်မရွာတော့...ကြေကွဲရပြန်
စာကြည့်ရန်...စာအုပ်လှန်....
မှုန်ရီရီ....စိတ်တွေလေး....စာကြည့်မရပြန်သေး...



သွားနေတယ်........
လှမ်းနေတယ်.........
ရဖို့.........
သိဖို့.........
ပြင်ဆင်ရင်း...ပြင်ဆင်ရင်း....
လဲကျ....ပြန်ထ.......
ငေးမော.....လှုပ်ရှား....
ငိုတယ်....ရယ်တယ်..
သူမသိတဲ့....သက်မောတွေ...ရင်ထဲမှာ....ပြည့်



မင်းရဲ့...
မျက်ဝန်းလေးတစ်စုံ...
အပြုံးလေးတစ်ပွင့်...
အကြည့်လေးတစ်ချက်...
ငါ့ရဲ့...
မနက်ဖြန်တွေ...သေဆုံးကုန်ပြီ



အချစ်ပုစ္ဆာအဖြေရှာသော်
သပြာဂုဏ်မွဲ.....ချို့တဲ့ဆင်းရဲ
မျက်နှာမွဲသူ.....ကိုယ်လိုလူကို
မကြည်ဖြူမှန်း......သိလိုက်ပြီ



မခေါ်ဘဲ.....သူလာတယ်
မနှင်ဘဲ.....သူပြန်တယ်
ညင်းညင်းဆော့.....၀ုန်းဝုန်းသော့
ငါ.....ရူးသွပ်ပြီးမှ
`အချစ်´ ဆိုတာ သိလိုက်ရတယ်



ဥစ္စာမာန်ကြောင့် မြူးတဲ့သူတွေ မြူးကုန်ပြီ...
ငါတော့.....အချစ်ဒဏ်ကြောင့် ရူးနေပြီ...



အပြန်အလှန် ချစ်နေမှ
အချစ် မဟုတ်ပါဘူး
သူမသိဘဲ
စိတ်ထဲက တစိမ့်စိမ့်လေးနဲ့
ချစ်နေတာလည်း....




အသည်းမှာ စူးနစ်နေတဲ့ အရာဟာ
ဆူးတစ်ချောင်းသာ ဆိုရင်လေ
ငါ့အသည်းဒဏ်ရာကျန်ခဲ့စေဦး
မတွန့်မဆုတ် နုတ်ပစ်မှာပါ
အဲဒီအတွက်လည်း ရင်မှာနာကျင်
ဝေဒနာကို ခံစားချက်မရှိပါ

ိုအသည်းမှာ စူးနစ်နေတဲ့ အရာဟာ
မင်းကို ချစ်မိတဲ့
အချစ်တွေသာဖြစ်နေလေတော့
နုတ်ပစ်ဖို့လည်း မ၀ံ့ဘူး
မေ့ပစ်ဖို့လည်း မဖြစ်ဘူး
မင်းအပြစ်လို့လည်း မဆိုဘူး

ကိုယ့်အပြစ်ဒဏ် ကိုယ်သာခံရင်း
ရူးသွပ်တမ်းတ ရင်ခုန်ခဲ့တာတွေကို
မင်းက မေ့ပစ်လိုက်ဖို့ ပြောရအောင်
ကိုယ့်အချစ်က အိပ်မက်မှ မဟုတ်တာ...




jj

လုပ်တိုင်း.....မဖြစ် .....စိတ်တွေညစ်
ကျက်တိုင်း.....မ၀င်.....စိတ်လေချင်
မှတ်တိုင်း.....မရ.....စိတ်ဒေါထ
ကျနော့်.....ကျောင်းသား.....ဘ၀။




ဖြစ်ချင်တာတွေ..... ဖြစ်မလာ
မဖြစ်ချင်တာတွေ.....ဖြစ်လို့လာ
ဖြစ်ချင်ရာဖြစ်...... စိတ်တွေညစ်
`အိပ်ပစ်´ တဲ့..... ရက်တွေများလာ
စာမရ.....လူသာ.....၀။




ခွဲခွာမှ ငိုကြွေးနေမယ့် အစား
အတူနေခိုက်.....ခဏတာဘ၀လေးမှာ
တစ်ယောက်ကို တစ်ယောက်
မေတ္တာနဲ့ ဆက်ဆံပြီး
သည်းခံ ခွင့်လွှတ်.....
ပျော်ရွှင်မှုကို တည်ဆောက်ကြရအောင်.....သူငယ်ချင်း။



jj

သူငယ်ချင်းရေ.........

သူငယ်ချင်းရေ ၁၀ ရက်နေ့က အဆက်လေး....
(၁၃) ဘာမှန်းမသိရင် သိအောင်လုပ်ပေါ့ဗျာ....
လူတွေသည် ပြသနာတစ်စုံတစ်ခုဖြစ်လျှင် ၄င်းပြသနာနှင့် တကယ်ပက်သက်သောသူဆီ မသွား၊
မတွေ့ဆုံ မရှင်းလင်း ၊ မဆိုင်သောသူတွေဆီသာ သွားပြီး ပြောတတ်ဆိုတတ် ဖွင့်ဟတတ်သည်...
တစ်ခါတစ်ရံမူ ပြသနာက တကယ်ရှိသည်မဟုတ်၊ မိမိစိတ်က ထင်နေတာ (သို့မဟုတ်) အထင်လွဲနေတာဖြစ်ကြောင်း တွေ့ရတတ်ပါသည်..
အခြေအနေကို အရှိအမှန်အတိုင်း ဗြောင်သိခွင့်ရခြင်းသည်လည်း ဆုံးဖြတ်ချက် မှန်ကန်စွာ ချမှတ်နိုင်ရေးအတွက် အထောက်အကူပြုသဖြင့် အကျိုးရှိသည်ပဲ
မဟုတ်လား......
(၁၄) ကြေညက်လောက်အောင် ထွန်ယက်မထားတဲ့ လယ်ကွက်မျိုးမှာ ဘယ်တော့မှ သီးနှံကောင်းကောင်းမထွက်ဘူး...
ရရှိခံစားရသည့် အောင်မြင်မှုမှန်သမျှသည် ကြေညက်အောင် ထွန်ယက်ခဲ့ခြင်း၏ အကျိုးကျေးဇူးချည်းများသာ....
တစ်ဖက်သားလက်ခံညွတ်နူးလာအောင် လျှောက်လဲစည်းရုံးနိုင်ခြင်းဟူသည်လည်း စနစ်တကျ ကြိုတင်ပြင်ဆင်ထားမှုမှသာ ဖြစ်ပေါ်ရသည်..
(၁၅) အောင်မြင်ရေးအတွက် အဓိက သော့ချက်ဟာ ဆုံးဖြတ်ချက်တွေ အလျင်စလို မချမိအောင် ထိန်းနိုင်ခြင်းပဲ..
သေသေချာချာစဉ်းစား စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်
ကြောက်စိတ်သာမဟုတ် တည်ငြိမ်အေးဆေးမှုသည်လည်း ကြောက်စိတ်နည်းတူ လျင်မြန်စွာပဲ ပြန့်ပွားတတ်သော သဘောရှိပါသည်...
(၁၆) တကယ်ဖြစ်မဖြစ် သေချာအောင်စမ်းကြည့်..
ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်..
(၁၇) လုပ်ရမည့်အရာလို့ ကိုယ်နားလည်ထားပြီးသည့် အလုပ်ကိုတော့ ဖြစ်အောင် လုပ်ရမည်ပေါ့......
တစ်နေ့တာအတွက် လုပ်စရာရှိသည်ကို နေ့စဉ် မဆိုင်းမတွ လုပ်ခြင်းဖြင့်ပင် အချိန်တန်သောအခါ တကယ်ထက်မြက်အောင်မြင်သော
သူတစ်ယောက်ဖြစ်လာနိုင်ပါသည်......
(၁၈) အပြုဘက်က အမြဲကြည့်...
ကိုယ့်ကို တတ်တယ် တော်တယ် အထင်ခံရရုံသက်သက်အတွက် ကျွန်တော်တို့မှာ ရှိတဲ့ စွမ်းအားတွေ အရည်အသွေးတွေအားလုံး
သူများကို တိုက်ခိုက်ဖြိုဖျက်တဲ့အလုပ်ထဲမှာ ပုံအောသုံးမယ့်အစား တစ်ယောက်ကိုတစ်ယောက် အကောင်းဆုံးအနေအထားရောက်လာအောင်
မြှင့်တင်တဲ့အလုပ် အားပေးကူညီတဲ့ အလုပ်ဘက်မှာ သုံးကြရင် ပိုမကောင်းဘူးလား....
(၁၉) သိပ်ဝေးဝေး လံလံတွေ လျှောက်မတွေးနဲ့....
နောက်တစ်မိုင်အတွက်ပဲ စဉ်းစား ..............
ဇွဲလုံ့လဟူသည်ကား...ရဲစွမ်းသတ္တိနှင့် ထပ်တူထပ်မျှ တန်ဖိုးရှိသော အရည်အသွေးကောင်းတစ်ရပ်ပင်.....
(၂၀) အောင်မြင်မှုနှင့် ရှုံးနိမ့်မှုကြားမှာ ဘယ်လောက်မှ ကြီးကြီးမားမား စည်းခြားထားခြင်းမရှိ..
မည့်သည့် ပျက်စီးဆုံးရှုံးမှုမျိုးမဆို လုံးဝပြန်လည်ပြင်ဆင် မရနိုင်တော့ဟူသည် မရှိ....
(၂၁) တစ်ကိုယ်တည်း ငြိမ်းအေးစွာ နေရသည့်အခိုက်အတန့်လေးတွေကို လိုအပ်မည်ဖြစ်ကြောင်း သတိပြုမိတတ်ဖို့လိုပါသည်....
အတင်းဖိ လေ့ကျင့်ခိုင်းရတာထက် အခက်အခဲကို ရှောင်ခွာကာ အနားယူလိုက်တာက ပို အကျိုးရှိမည်...
(၂၂) ကိုယ့်အားနည်းချက်ကို ကိုယ်ရဲရဲရင်ဆိုင်တတ်တဲ့ သတ္တိမွေးစမ်းပါ...
လူအများစုပင် ကိုယ့်အရည်အချင်း ကိုယ့်အစွမ်းအစကို သိတတ် မြင်တတ်သော်လည်း
ကိုယ့်အားနည်းချက်တွေကိုတော့ မသိကျိုးကျွန်ပြုမိတတ်ကြသည်..
(၂၃) အင်း..........အလှမ်းဝေးလွန်းတာ မှန်ပေမယ့် ဖြစ်ချင်ဖြစ်လာနိုင်သည့် သဘောတော့ရှိသည်...
ဘာပဲဖြစ်ဖြစ် အကယ်၍ လိုအပ်လာခဲ့သည်ရှိသော် ကိုယ့်ဘက်က အဆင့်သင့်ဖြစ်နေအောင် လုပ်ထားရမည်..
အမှတ်မထင် ဖြစ်သွားနိုင်တဲ့ ကိစ္စမှန်သမျှအတွက် တို့ရင်ဆိုင်နိုင်အောင် အသင့်ပြင်ထားရမှာပေါ့...
ဘ၀က တကယ်စမ်းသပ်လာပြီဆိုတဲ့အထိ စောင့်နေလို့တော့ ဘယ်ဖြစ်ပါ့မလဲ...
ကိုယ်က ကြိုပြင်ထားရမယ်..အမြဲအသင့်ပြင်ထား..

သူငယ်ချင်းရေ ..ဒီကောက်နှုတ်ချက်တွေဟာ Reader's Digest မှာ ဖော်ပြခဲ့တဲ့ The Best Advice I Ever Had ဆောင်းပါးတွေကို ရွေးချယ်စုစည်းပြီး
ဆီလျော်အောင် မြန်မာပြန်ဆိုပေးထားတဲ့ ဦးဖေမြင့်ရဲ့ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား ဆိုတဲ့ စာအုပ်ထဲကပါ...
( စာအုပ်တစ်အုပ်လုံး ဖတ်ချင်တယ်ဆိုရင် နဂါး၊ orange ၊ 78 ၊ ရာပြည့်၊ အင်းဝ၊ ထွန်းဦး၊ လူထု၊ ပြည့်စုံ.....နီးစပ်ရာ စာအုပ်ဆိုင်တွေမှာ
ကိုယ်တိုင်ရှာဝယ်နော်......တန်ဖိုး ၁၃၀၀ )










jj

Friday, August 17, 2007

သူငယ်ချင်းရေ...

၁၂ ရက်နေ့တုန်းက Easy Web Using XML ဆိုတဲ့ SIG ကို
MCPA မှာ ဦးဇင်မင်းက ဦးဆောင်ဆွေးနွေးတယ်..
ငါ အဲဒီပွဲ သွားပြီး ကျန်တာလေးတချို့ ရတာလေးတစ်ဝက်ကို မလာနိုင်ခဲ့တဲ့
နင့်အတွက် ပြောပြလိုက်တယ်..
XML ဆိုတာကို အရင်က မြင်ဖူးသလိုလို...ကြားဖူးသလိုလို..ရှိပေမယ့်
ဘာမှန်းမသိပါဘူး......အခုကော သိသလားဆိုရင် ...ရေရေရာရာ မသိပါဘူး..
(အင်း...ဆရာသာသိရင် ရင်ကျိုးတော့မှာပဲ......)ငါ သိခဲ့တာက...
နင် july လထုတ် personal computer magazine
ဖတ်မိမယ်လို့ ငါထင်ပါတယ်..
အဲဒီမှာ ပါတဲ့ Web 1.0...Web 2.0.....Web 3.0...
ဘာကိုဆိုလိုသွားတယ်ဆိုတာ နင်သိလား...
နင်သိတယ်ဆိုရင်တော့...ငါ့ထက်တော်သွားပြီ..
ငါတော့ တော်တော်နားရှုပ်မိတယ်..နားမလည်ဘူးဆိုပါတော့..
ဒီပွဲမှာ...ဆရာက မေးတယ်.။ အဲဒါတွေကို သိလားပေါ့....
ငါလည်း နားမလည်ဘူးလို့ ဖြေလိုက်တယ်..
ဆိုတော့...ဆရာက ရှင်းပြတယ်...
အားပါးပါး...လွယ်လွယ်လေး...ရှင်းရှင်းလေး...
အဲဒါတစ်ခု သိလိုက်ရတာနဲ့ကို ငါသွားလိုက်ရတာ တန်သွားပြီ..


အရင်တုန်းက ငါတို့ cyber cafe တွေကို သွားရင်
searching လုပ်တယ်...surfing လုပ်တယ်...mail ပို့တယ်...
gtalk ပြောတယ်...ဒါပဲ...ဟုတ်တယ်ဟုတ်...
Web အိမ်ရှေ့မှာ ငါတို့ဟာ..လူးလာခေါက်တုံ့ပဲ လျှောက်နိုင်ခဲ့တယ်...
Web ထဲကို မ၀င်နိုင်ခဲ့ဘူး...အဲဒီအဆင့်...အဲဒီ level ဟာ..
Web 1.0 ပါတဲ့........


အခုတလော..blog တွေကို စိတ်ဝင်းစားသူတွေ...blog ရေးသူတွေ ...
များလာတယ်နော်.....blog ဆိုတာ ..Weblog ရဲ့ အတိုကောက်ပါတဲ့....
ပြောရရင်တော့...Web အိမ်ထဲကို ၀င်ရောက်စွက်ဖက်ခွင့်ရလာတယ်
Web 2.0 ဆိုတာ..
Web ထဲကို ..၀င်ရောက်ခွင့်ရှိနေတဲ့ level ကို ဆိုလိုတာပါတဲ့..

Web 1.0 ဆိုတာ ဘာမှန်းမသိခင် Web 2.0 ဆိုတာဖြစ်သွားတယ်..
Web 2.0 ကို လူတိုင်းနားမလည်နိုင်ခင်မှာပဲ...
Web 3.0 ကို တာဆူနေပြန်ပါပြီတဲ့....


အထင်ရှားဆုံး ...အမြင်လွယ်ဆုံး..ပြောရရင် Google..တို့
Wikipedia တို့ ပေါ့...
အခုနေ..search မှာ java လို့သာ ရှာကြည့်ပါလား...
java ကျွန်းအကြောင်း ..အရင်ပေါ်လာမှာ...java programming.
လို့ရှာမှ..ကိုယ်လိုချင်တဲ့ java ကို ရမှာ....
ငါတို့ဟာ java programming နဲ့ ပက်သက်ပြီး..အမြဲတမ်း..
search လုပ်လေ့ရှိတယ်..ဆိုပါတော့...
နောင်ဆိုရင်..search engine တွေဟာ ငါတို့ဘာကို ရှာလေ့ရှိတယ်ဆိုတာကို..
မှတ်သားထားကြတော့မယ်.....
ငါတို့ account ၀င်ပြီး..java လို့ရှာလိုက်တာနဲ့ java programmin ကို
တန်းချပေးတော့မှာ...
ကဲ ......မကောင်းဘူးလား...
ကောင်းတယ်နော်....အဲဒါ....Web 3.0 ပေါ့......


ငါလည်း သိပ်တော့ မသိပါဘူး..အဲဒီလောက်ပဲ နားလည်တယ်..
နင်သေသေချာချာ သိချင်ရင်..ဆရာဦးဇင်မင်း ကို မေးပေါ့နော့....
သူငယ်ချင်းရေ.....ငါပြောချင်တာတစ်ခုက ငါ MCPA SIG ကို သွားတိုင်း..
လက်ဗလာနဲ့ ပြန်ခဲ့ရတယ်ဆိုတာ ..မရှိသေးဘူး...
တစ်ခုခုတော့ ရခဲ့တာချည်းပဲ.....ဒါ့ကြောင့်..နောင်ကို.နင်လည်း လာနိုင်အောင်လာခဲ့ပါလို့.
ဖိတ်ခေါ်ပါရစေ...ငါ အာမခံနိုင်တာက ..နင့်မှာ အရှုံး မရှိစေရပါဘူး..
နောက်ပြီးတော့..Visual Studio 2008 Beta version ပေးနေပြီဆိုတာ...
AJAX .....ဘာလဲဆိုတာ.....
XML ရဲ့ သဘောတရား ရေးရေးလေး.....
ငါ သိခဲ့ရပါသေးတယ်.......
ဘာမှ မသိတာထက်စာရင် အချိန် နှစ်နာရီလောက်ပေးပြီး.....
air-cone ခန်းထဲမှာ သွားထိုင်လိုက်တာက အကျိုးများတယ်...ဆိုရမှာပဲ..
( air-cone က မှန်ရဲ့လား..မသိဘူး...မှားနေရင်လည်း..
အမှန်ပြင်ကြည့်လိုက်ပေါ့နော့.....)


နင့်..သူငယ်ချင်း...
ဂျူလိုင်...

Wednesday, August 15, 2007

တကယ်မပျော်နိုင်ပါ..........

ဒီနေ့မနက် ၈ နာရီ ခွဲလောက် လွန်းပြည့်နဲ့ ချိန်းထားတဲ့အတွက် မိန်းထဲကို သွားတဲ့အခါ ...
ဂေါ်ရာ ဆီဆိုင်ရှေ့ကနေ ဖြတ်သွားရပါတယ်.....
ဆီဆိုင်ရှေ့ သံတံခါးမှာ ဆီထုတ်ဈေး ၂၅၀၀ကျပ်လို့ ရေးထားတာကို တွေ့လိုက်ရပါတယ်...
အဲဒီတုန်းကတော့ သြော်....ဆီဈေးတော့ တက်ပြန်ပြီလို့ပဲ တွေးမိပါတယ်.......
လွန်းပြည့် အဆောင်ရောက်တော့ xeon သွား....
၁၁ ခွဲလောက်မှ အဆောင်ကို ပြန်လာကြပါတယ်....
ရောက်လို့ အမောမှ မပြေသေးပါဘူး.....
third year က အမ က နင်တို့ ကျောင်းကားခ နှစ်ရာ ဖြစ်သွားပြီလို့
ဆီးပြောပါတယ်......
ှဆီဈေးတက်လို့ ကားခဈေးတက်ပါတယ်တဲ့......
စတာ နောက်တာဖြစ်ပါစေလို့ ဆုတောင်းပြီး ထွက်လာကြပါတယ်...
နှစ်ယောက်သား ..ကားဂိတ်ရောက်တော့ ကားစပယ်ရာဆီကနေ အတည်ပြုချက်ယူပါတယ်...
ဟုတ်ပါသတဲ့ရှင်.....
နှစ်ရာပါတဲ့...........
ကျနော်တို့နှစ်ယောက် ထိုင်ငိုချင်စိတ်တောင် ပေါက်ပါတယ်..........
အသွား နှစ်ရာ...အပြန် နှစ်ရာ.....စက်ဘီးအပ်ခ တစ်ရာ...
တစ်ရက်ကို မစာရ မသောက်ရ ငါးရာ.............
ကျနော်တို့ ကျောင်းသူတွေဆိုရင်...လက်ပံပင် ဆက်ရက်ကျတဲ့ အတိုင်း...
ကားပေါ်မှာ ဆူညံနေပါတယ်....
ဈေးလည်း ဆစ်လို့မရပါဘူး.....
ကျောင်းသူတွေကို သေဌေးမှတ်နေသလား....
ရွှေအိုးရှိလို့ ကျောင်းတက်နေတာ ထင်နေလား...
ဘာ ညာ ပေါ့.........
တစ်ယောက် တစ်ခွန်း ဘာတွေမှန်းကို မသိပါဘူး.........
ဒါပေမယ့် အားလုံးပြောနေတာကတော့ ကားခကို မကျေနပ်တာပါ...........
ကျနော်ဆိုရင် အိမ်က တစ်ရက် ကို မုန့်ဖိုး ငါးရာပဲပေးပါတယ်...
ကျောင်းတက်ခ သုံးရာနှုတ်လိုက်ရင် ကျနော့်အတွက် နှစ်ရာတော့ ကျန်ပါတယ်....
တစ်ပတ်ဆိုရင် တစ်ထောင်ကျန်ပါတယ်...
Cafe မှာ နှစ်နာရီတော့ သုံးနိုင်ပါသေးတယ်......
ဒီနေ့တော့ အကုန် ကုန်ခဲ့ပါပြီ...
ပညာရှာရတာအဖိုးတန်မှန်း အခုမှ ကောင်းကောင်း သဘောပေါက်ပါတယ်....
ရတနာပုံက ဘွဲ့တစ်လုံးရဖို့ တော်တော်ရင်းနှီးမြုပ်နှံရမယ်ဆိုတာလည်း...
သိလိုက်ပါတယ်....
ကားခဈေးတက်တဲ့ အတွက်..ပထမတုန်းကတော့...စပယ်ရာကို ပွစိပွစိ ပြောကြပါတယ်....
ဒါပေမယ့် university ကျောင်းသူတွေလေ...............
ဦးဏှောက်တော့ ကောင်းပါသေးတယ်..............
ပြသနာရဲ့ ဇစ်မြစ်ကို စဉ်းစားကြပြီး ...ကြားထဲက ဓါးစာခံ ဖြစ်ရတဲ့ ...
စပယ်ရာကို တောင် သနားမိပါသေးတယ်.................
အဲဒီတော့လည်း .....ကျယ်ကျယ်အသံ မထွက်လာဘဲ......
တိုးတိုး တိုးတိုးသံတွေ ....အုပ်အုပ်ထွက်လာပြန်ပါတယ်....
ကားခသက်သာအောင် ဘာလုပ်ရင်ကောင်းမလဲ.....ပါချုပ်ကို တက်တိုင်ရင် ကောင်းမလား...
ကျောင်းမတက်ဘဲ နေရင် ကောင်းမလား........
ကျောင်းကို စက်ဘီးနဲ့ တက်တော့မလား..
အမျိုးမျိုး တွေးကြည့်ပါတယ်.............
တွေးရင်း တွေးရင်း .....ကားခနှစ်ရာ ထုတ်ပေးလိုက်ရပါပြီ....
မီးနေသည်ဟာ...တစ်ရက်ကို ယမမင်းနဲ့ သုံးကြိမ် စစ်ခင်းတယ်ဆိုလား...
ကြားဖူးပါတယ်...
ကျနော်တို့ ကျောင်းသူတွေကတော့ တစ်ရက်ကို အသွားနာရီဝက်.....
အပြန် နာရီဝက် ....ယမမင်းကို မျက်စပစ်ပါတယ်...........
ရတနာပုံကျောင်းကားတွေကို မြင်ဖူးကြမှာပေါ့နော်..............
ဆရာကြီးတွေကတော့ welcome လုပ်တိုင်း ကျောင်းသူတွေ ကားတွဲမစီးဖို့.....
ရှေ့ခန်းမှာ သုံးယောက် မစီးဖို့.....ကျောင်းသားတွေ ကားအမိုးပေါ် မစီးဖို့.....
မှာပါတယ်.............
ကားသမားတွေကတော့ ဆရာကြီးတွေ မှာတာကို မသိတာလား.............
မသိယောင်ဆောင်တာလား...........တစ်ခုခုတော့ တစ်ခုခုပေါ့နော်....................
ကျောင်းသားတွေဆိုရင် အမိုးပေါ် ဇွတ်တက်ခိုင်းပါတယ်.....
ကျောင်းသူတွေဆိုရင် ကားထဲမှာ ပြည့်နေရင်....... ဇွတ်တွဲခိုင်းပါတယ်.......
ကျနော်တို့က ကျောင်းသားတွေပဲ.....သူတို့ခိုင်းတိုင်း လုပ်စရာမလိုဘူးလို့ မအောက်မေ့ပါနဲ့.........
ကားသမားက သစ်စာရှိပါတယ်.............
ကားနောက်ခုံ တွဲလူမပြည့်မချင်း မထွက်ပေးပါဘူး........
ဆိုတော့ ကျောင်းသားတွေပဲ အိမ်ပြန်ချိန် နောက်ကျပါတယ်...
ကျောင်းသွားချိန် မမီပါတယ်......
နောက်ဆုံးတော့ လည်း.......ကျောင်းသူတွေမှာ ဖြစ်ချင်ရာဖြစ် မဘချစ်လို့..........
နှလုံးသွင်းရင်း...........လေညင်းခံရပါတယ်..........
ကျောင်းသားတွေလည်း အမိုးပေါ်က စီးရတော့ လောကကြီးကို အပေါ်စီးက ...
ကြည့်ရတာပေါ့ဆိုပြီး.........ဆက်ကပ်အဖွဲ့ထဲဝင်လို့ရနိုင်တဲ့ ခုန်ပျံကျော်လွှားမျိုးနဲ့...
လွှားခနဲ...လွှားခနဲ................
ကျောင်းသားတွေလည်း ယောင်လို့များ နောက်ကတွဲမလိုက်ပါနဲ့........
ကျောင်းသူတွေရဲ့ ပြာကျသွားနိုင်တဲ့ နဂါးမာန်မျက်စောင်းကို တစ်ပွေ့ကြီး ...
ရသွားနိုင်ပါတယ်..........
ကျောင်းသူတွေက ကားထဲနဲ့ ကားနောက်ခုံ ဟာ သူတို့ပိုင်နယ်မြေလို့ကို သတ်မှတ်ထားပါတယ်...
နောက်ဆုံး..................
ကျောင်းသားတွေ ...ပြည့်ကျပ်ပြီး...ခြေချစရာ မရှိတော့မှာ ကားကို ထွက်ပါတယ်........
ကျနော်လည်း အစတုန်းကတော့....တွဲမစီးဘူးလို့ ဆုံးဖြတ်ပေမယ့်...
ကိုယ်ပဲ ကျောင်းနောက်ကျတာကြောင့် ကြုံသလိုပဲ ကျောင်းသွားရပါတယ်.........
ဒါပေမယ့် ဒီနေ့ကစပြီး...နှစ်ရာပေးရတဲ့ အတွက် တန်အောင် ထိုင်ပဲစီးတော့မယ်လို့..........
ဆုံးဖြတ်ရင်း...........................


(မျက်စိလည် လမ်းမှားပြီး...ကားခဈေးပြန်ကျပါစေလို့....
တိတ်တိတ်လေး ဆုတောင်းနေမိပါပြီ.................)





jj

Monday, August 13, 2007

လွမ်းတင်းပြောပါသတော်....

လွမ်းတင်းပြောပါသတော်....
ဟုတ်ကဲ့ .....အဲဒီ label လေးရဲ့ အောက်မှာ ကျနော့်ရဲ့ ကျောင်း feel လေးတွေကို တင်သွားမှာ ဖြစ်ပါတယ်...
ဒီ ခေါင်းစဉ်လေး ရွေးချယ်ဖြစ်တဲ့ အကြောင်းကို နည်းနည်းလောက် လက်ရှည်ခွင့်ပြုပါ....
( ပြု ပြု မပြုပြု ရှည်လိုက်ပြီ.....)
ဒီ labelဟာ ၀တ်ထုတစ်ပုဒ်ရဲ့ ခေါင်းစဉ်ပါ...
စာရေးသူက နတ်နွယ်...ထင်ပါတယ်...
magazine က စစ်ပြန်လား...ဘာလား...သေသေချာချာ မမှတ်မိတော့ပါဘူး...
ဖတ်မိထားတာကိုက (၃) နှစ်လောက်ရှိနေပါပြီ...
magazine ကလည်း အဲဒီတုန်းက ကို တော်တော်ဟောင်းနေပါပြီ.....
ဇာတ်လမ်းအကျဉ်းကတော့...ဦးဘဆိုပါစို့...ဦးဘဟာ တည်းအိမ်ကနေ ဘူတာကြီးကို ဆိုက်ကားနဲ့ ဆင်းလာတဲ့ အခါ ဆိုက်ကားဆရာကို ရထားမီအောင် မြန်မြန်လေးနင်းပေးဖို့ တောင်းပန်ပါတယ်...
ဆရာသမားက (နေရာ မမှတ်မိတော့ပါ) တစ်နေရာကို ရောက်တဲ့အခါ ဆိုက်ကားရပ်ပြီး မင်းကြီးမင်းလေးကို
လဖက်ထုတ်နဲ့ ပသသေးပါသတဲ့.....
ဦးဘဟာ မြန်မြန်ပါဆိုမှ ရပ်တဲ့ အတွက် စိတ်ချဉ်ပေါက်မိပါတယ်...
ဒါပေမယ့် ကံအားလျော်စွာ ရထားကို သီသီလေးမီပါတယ်....
ဆိုက်ကားခရှင်းတော့ ဆရာသမားက လဖက်ဖိုးပါ ပိုတောင်းပါတယ်...
အခုလို ရထားမီရတာ လည်း မင်းကြီးမင်းလေး ဘုန်းတော်ကြောင့်းလို့လည်း ပြောပါသေးတယ်....
ဦးဘဟာ ရထားမမီမှာ စိုးတဲ့အတွက် ဘာမှမပြောတော့ဘဲ တောင်းသလောက်ပေးပြီး ရထားပေါ် အမြန်တက်ခဲ့ပါတယ်....
ရထားပေါ်ရောက်တော့ ခုံချင်းကပ်ရပ်က မိတ်ဆွေ (ဦးမြ ဆိုပါစို့...)ဖြစ်နေပါတယ်....
မျက်နှာချင်းဆိုင်က ခုံမှာတော့ တောင်ပြုံးပွဲပြန် မိန်းမကြီး နှစ်ဦးဟာ...မင်း(၂) ပါးအကြောင်းကို
အားရပါးရ ခန်းဖွင့်နေပါတယ်.....
ဦးဘနဲ့ ဦးမြဟာ ခေတ်ပညာတတ်လူငယ်တွေဆိုတော့ မြင်ပြင်းကတ်လာဟန်တူပါတယ်....
မင်း(၂) ပါး ကို စောင်းပြီး ချိပ်တိတ်တိတ် ရိပ်တိတ်တိတ် တွေပြောပါတယ်...
(ပြောစကားကို မမှတ်မိတော့ပါ..) ဆိုလိုရင်းကတော့ နတ်ချင်း တွေဟာ တကယ်ကောင်းတဲ့ တေးတွေပါ...
အဲဒီတေးသံစဉ်တွေကို ယူပြီး..နတ်သံဖျောက်ပစ်လိုက်ရင် ...ကောင်းမယ်ပေါ့ ..ဘာညာပြောကြတဲ့အခါ
အဒေါ်ကြီးနှစ်ယောက်ဟာ ...သူတို့ကို မျက်လုံးပြူး မျက်စံပြူး ..ကြည့်ပြီး...လက်အုပ်လေးတွေချီကာ...
" လွမ်းတင်းပြောပါသတော်....လွမ်းတင်းပြောပါသတော်..အမိုက်အမဲလေးတွေမို့ ဗွေမယူပါနဲ့. "
လို့ ကျယ်ကျယ်လေး တောင်းပန်ပါသတဲ့.....
ဝတ်ထုခေါင်းစဉ်လေးနဲ့ အကြောင်းအရာလေးကို ကြိုက်လွန်းလို့....လက်ထဲမှာ စာအုပ်ရှိတုန်းကတော့
ခဏခဏ ပြန်ဖတ်ပါတယ်....အခုတော့ စာအုပ်ကို ဘယ်သူသမသွားမှန်း မသိတော့ပါဘူး....
ဒါပေမယ့် ဇာတ်လမ်းလေးကတော့ စွဲနေပါတယ်.....
ဟုတ်ကဲ့......ကျနော်လည်း......
" လွမ်းတင်းပြောပါသတော်....လွမ်းတင်းပြောပါသတော်..အမိုက်အမဲလေးတွေမို့ ဗွေမယူပါနဲ့. ".




jj

မင်္ဂလာပါ

အားလုံးပဲ မင်္ဂလာပါ..
ကျနော်က အခုမှ စလုံးရေစမလို့ပဲ ရှိနေပါတယ်
အစတုန်းကတော့ blog တစ်ခုဖြစ်အောင်လုပ်နိုင်ပြီဆိုရင်
ကိုယ့်ကျောင်းနဲ့ ပက်သက်ပြီး အောင်းလာခဲ့ရတာတွေကို
အရင်ဆုံး ရေးမယ်လို့ စိတ်ကူးရှိပါတယ်
ဒါပေမယ့် တကယ့်လက်တွေ့ ရေးရတော့မယ်ဆိုတော့
နည်းနည်း လက်တွန့်မိတယ်...
ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းရမှာဆိုတော့ ကိုယ်ပဲ နာမှာလေ.....
အင်း.......ဘာပဲဖြစ်ဖြစ် အနာခံလိုက်ပါမယ်လေ..........
ကျနော်တို့ ကျောင်းဟာ အာရှတိုက်ရဲ့အရှေ့တောင်ပိုင်းမှာတည်ရှိတဲ့ (အတိအကျ မမေးနဲ့နော် ..မသိဘူး )
ပြည်ထောင်စုမြန်မာနိုင်ငံ ၏ ဒုတိယ အကြီးဆုံuးniversity ပါ ( ကြုံတုန်းကြွားထားရတာ..)
ဟုတ်ကဲ့ ...အခုဆိုရင် ကျနော်တို့ Uni မှာ e-library အသုံးပြုခွင့်ရပါပြီ....
စက်က 10 လုံးပဲ ရှိတယ့်အတွက် တစ်ရက်မှာ မေဂျာ ၅ခုလောက် သုံးရပါတယ်...
တစ်မေဂျာကို စက်နှစ်လုံးပေါ့.....
allow time ကတော့ 10 -12am ပါ....
စဉ်းစားကြည့်စေချင်ပါတယ်.....
ဆရာကြီးတွေ သိလား မသိဘူးလားတော့ မသိပါ......
ကျနော်တို့ ကျောင်းသားတွေတော့ အချိန်ပြည့် ဘယ်တော့မှ မရပါဘူး
အဲ ...ပြီးတော့ blog မကြည့်ရဘူးတဲ့ .....
ကျနော်လည်း ကြောက်တတ်ပါတယ်...
ဘာတွေ ညာတွေ ဘာမှ မကြည့်ရဲပါဘူး...လုပ်လည်းမလုပ်ရဲပါဘူး...
blog ဆိုတာကလည်း အတန်းဖော် သီဟ က တင်ထားတာပါ....
ရိုးရိုးလေးပါ....ရှင်းရှင်းလေးပါ....
connection ဆိုတာကလည်း ကောင်းလိုက်တာမပြောပါနဲ့....
wikipedia ဆိုလည်းမရ....ခေတ်လူငယ်ဆိုလည်းမရ.....
ရတဲ့ blog ကြမကြည့်ရတဲ့.........
ကောင်းကြသေးရဲ့လား........
သက်တော်စောင့် လိုချင်သူများ ကျနော့်ကို ဆက်သွယ်ပါနော်......
ဘာလို့လည်းဆိုတော့ ကျနော်တို့ e ခန်းဝင်တဲ့ အခါ....
တာဝန်ကျ ဆရာမနှစ်ယောက်ဟာ ကျနော်တို့ cs ကျောင်းသားတွေအနားကနေ
အခွာပါဘူး........
ချစ်လွန်းလို့ ထင်တယ်နော်........
e ခန်းဝင်ရတာ သက်တော်စောင့် အလကားရပါသေးတယ်.......
e ခန်းမှ သုံးရတာ မကြာသေးဘူး......
ကျောင်းကြီးရေ၀င်လို့ .....ကျောင်းကို တရားမ၀င် ပိတ်လိုက်ရပါတယ်....
ကျနော်တို့ကျောင်းကို ဒီနေရာမှာ တည်ဖို့ အကြံပေးတဲ့ သူတွေရော...
လက်တွေ့တည်တဲ့ သူတွေရောကို ကျနော် တကယ်ကျေးဇူးတင်မိပါတယ်....
ကျနော်တို့ အနားရတာမို့.......
ကျနော်တို့ကျောင်းကို june 1st က စဖွင့်ပါတယ်....
ဒါပေမယ့် သိတော်မူကြတဲ့ အတိုင်း july ကုန်တာတောင် ဘာစာမှ မသင်ရသေးပါဘူး
၈ လပိုင်းလည်းရောက်လို့ အားကြိုးမာန်တက် သင်ကြမယ်...တတ်ကြမယ်....ကျက်ကြမယ်လည်း ဆိုရော...
ရေကလည်း အားနဲ့ မာန်နဲ့ တက်လာလိုက်တာ........ဟော..ဟော ...နဲ့
မကောင်းဘူးလား...ကောင်းတာပေါ့နော့......
အိမ်ပြန်တဲ့သူတွေလည်းပြန်......
နဂိုကမှ ပျင်းတတ်တဲ့ ကျနော်ကတော့ ဇိမ်ကိုကျလို့........
ဒါပေမယ့် အခုတော့ ရေကျသွားပါပြီ...
mon day ဆို ကျောင်းပြန်တတ်ရတော့မယ်........
အခုမှ အပျင်းရှိန်က တတ်တုန်း......
အရှိန်တတ်လက်စ ရတနာပုံ ကျောင်းတော်သားများ အရှိန်သတ်ကြတော့နော်....
တော်ကြာ ကျောင်းခေါ်ချိန် မပြည့်ဘူးတွေ ဘာတွေ ဖြစ်နေဦးမယ်.......
ကျနော်လည်း ဒီတင် ရင်ပါတော့မယ်.......
ပိုက်ပိုက် ကုန်ခါနီးနေလို့..................



jj

Friday, August 10, 2007

သူငယ်ချင်းရေ..................

.ဆရာမက မနက်ဖြန် Post 2 ခုတင်ရမယ် ဆိုတော့
ငါလည်း အသေအလဲ အသည်းအသန်( ဖတ်ကောင်းအောင် ရေးတာပါ) စဉ်းစား၊ရတာပေါ့နော်......ဘာရေးရမှာပါလိမ့်ဆိုပြီးတော့......ရေးစရာ တရားခံရှာရတာပေါ့.........
နောက်ဆုံး တရားခံကတော့...ဆဲမနာ ဆိုမနာ ...ကျောင်းတက်ဖော် ကျောင်းတက်ဘက် လွန်းပြည့်က ငါ့ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပေးထားတဲ့ ဦးဖေမြင့်ရဲ့ မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား ဆိုတဲ့ စာအုပ်လေးပဲ
..အခုpost အသစ်လည်းတင်ရမယ်ဆိုတော့ အဲဒီစာအုပ်ထဲကနေ ငါကောက်နှုတ်ထားတာလေးတွေကို နင့်အတွက် တင်ပေးလိုက်တယ်နော်..........
ငါတင်ပေးလိုက်တာလေးတွေဟာ မျက်စိအညောင်းခံ၊ အချိန်အကုန်ခံပြီး ဖတ်တဲ့ နင့်အတွက် တစ်စုံတစ်ရာ ကျန်စေမယ်ဆိုရင် ......
ငါ ခြင်ကိုက်ခံရကျိုးနပ်ပါတယ်.........
ok! စပြီနော် ...နည်းနည်းတော့များတယ်...ကျော်မဖတ်နဲ့........
(၁) အလုပ်ကို ယိမ်းယိုင်တွေဝေခြင်းကင်းစွာ ဆက်လုပ်.....
(၂) ခက်တဲ့ အပိုင်းတွေ အမြဲလေ့ကျင့်....
(၃) ကိုယ့်အလုပ် ကိုယ်ပြီးအောင်လုပ်...
(၄) ကိုယ်လုပ်စရာရှိတာကိုသာ ဖြစ်မြောက်အောင်ြကိုးစားပြီးလုပ်...
အောင်မြင် မအောင်မြင်ဆိုတာတွေ ထည့်မစဉ်းစားနဲ့...
(၅) ကြောက်ရမှာ ကြောက်နေလို့ မဖြစ်ဘူး....
ကြောက်တော့ ကြောက်တယ်ကွာ...ဒါပေမယ့် ဘာပဲဖြစ်နေနေ လုပ်စရာရှိတာ ငါဆက်လုပ်မယ် .
..ဟူသောအတွေးမျိုးဖြင့် ရှေ့သို့တိုး..
အကြောင်းပြချက်အမျိုးမျိုးတွေ ကိုယ်ဘာသာတီထွင်ဖန်တီးကာ အရှုံးပေးပြီး
နောက်ကြောင်းပြန်လှည့်သွားတတ်တာကို ရှောင်..
(၆) ပန်းတိုင်ကိုသာ အာရုံပြု..
မျက်ခြည်မပြတ် ကြည့်ထား..
(၇) ကိုယ့်အတွက် အကျိုးဖြစ်ထွန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက်စာဖတ်တဲ့
အလေ့အထမျိုး မွေးစမ်းပါ...
(၈) တို့ရဲ့ အရည်အချင်းတွေကို စမ်းသပ်ချင်လို့ အခက်အခဲတွေ၊ ဆင်းရဲဒုတ်ခတွေကို
တို့ဆီပို့ပေးတာ ...
ဒါတွေ ရင်ဆိုင်ဖို့ လက်နက်တွေပေးထားသေးတယ်....မျှော်လင့်ချက်တို့ ယုံကြည်ချက်တို့
စိတ်ကူးအိပ်မက်တို့ပေါ့...
လူတစ်ယောက်ရဲ့ ဘ၀က အခြားလူတစ်ယောက်အပေါ် လွှမ်းမိုးနိုင်မှုပမာဏကို တိုင်းတာတွက်ချက်
မရနိုင်ပါ...
(၉) ခလုတ်တိုက်မိတဲ့ ကျောက်တုံးကို ခြေနင်းတုံးအဖြစ် အသုံးပြုတတ်ရမယ်...
ဝမ်းနည်းရတာ စိတ်ထဲထိခိုက်နာကျင်ရတာတွေကို အောင်မြင်အောင် အသိအမှတ်ပြုခံရအောင်
ဆွပေးတွန်းပေးတဲ့ အားတွေအဖြစ် ပြောင်းပစ်ရမယ်...
(၁၀) ရှေ့ဆက်တိုးရခက်နေတယ်ဆိုတာ တစ်ခုတည်းနဲ့တော့ နောက်ဆုတ်လို့ ဘယ်ဖြစ်မလဲ...
တတ်နိုင်သမျှ အကောင်းဆုံးလုပ်မလုပ် ဆိုတာတော့ ကိုယ်တိုင်သာ သိတဲ့ ကိတ်စပဲ....
(၁၁) မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမင်းကို ဒုတ်ခမပေးနိုင်ပါဘူး
မင်းရင်ထဲမှာ အာဃာတတွေ သိပ်များနေတာ ..ကို ..မထိန်းချုပ်နိုင်ရင် မင်းမှာ အန်တရယ်
ဖြစ်လာမယ်...
ရင်ထဲမှာ အာဃာတရှိနေတဲ့ သူဟာ အပြင်မှာ ချမ်းသာသုခရှာတွေ့နိုင်ပါ့မလား...
ဖွင့်ပစ် ဆေးကြောပစ်ဖို့ သတ်သိမမွေးနိုင်ရင် ကိုယ်ပဲဆက်ပြီး ထိခိုက်နာကျင်နေဦးမှာ...
ဘယ်ကိတ်စတွင်မဆို လုပ်နည်းလုပ်ဟန်နှင့် အကျိုးရလဒ်သည် တန်းတူပင် တန်ဖိုးရှိသည်...
ရေရှည်အဖို့တွင်ဆိုလျှင် လုပ်နည်းလုပ်ဟန်ကပင် ပို အရေးကြီးပေသည်..
ကိတ်စတစ်ခု၏ အတိုင်းအတာ အကန့်အသတ်ကို သိတတ်ရေးသည်လည်း နှလုံးသားအတွင်း
ဒေါသအာဃာတကင်းရေးနည်းတူ အရေးကြီးလှပါသည်..
(၁၂) ရည်မှန်းထားတဲ့ ပန်းတိုင် ကို ဒီလမ်းက သွားလို့မရရင် နောက်တစ်လမ်းက ကွေ့သွားလို့ရတယ်..
ဘောင်တစ်ခုထဲမှာ ပိတ်လှောင်ကန့်သတ်ခံမနေဘဲ လိုရာရအောင် စူးစမ်းတီထွင် ကြံဆတတ်ရေး၊ ပြီး အဲသည်လို ကြံဆတတ်သည့် စိတ်ဓာတ်မျိုး၏ တန်ဖိုးကို သိမြင်ရေး...
ဒီတစ်ခေါက်တော့ ဒီလောက်ပဲနော် .....
တော်ကြာ ပျင်းသွားမှာ စိုးလို့...
နင့်က ငါ့လောက်အချိန်မပေါတော့ ငါက ငါဖတ်ထားတာလေးတွေကို ဆရာလုပ်ရတာပေါ့....
ပျော်ရွှင် ချမ်းမြေ့ပါစေ.....



jj

Wednesday, August 8, 2007

သူငယ်ချင်းရေ..

ပြီးခဲ့တဲ့ ၈ လပိုင်း ၅ ရက်နေ့က MCPA မှာ Smart Organization In Digital Age ဆိုတဲ့ ခေါင်းစဉ်နဲ့ SIG Seminar လုပ်သွားတယ် ....ဦးဆောင်ဆွေးနွေးသူက ဆရာ ဦးလှကောင်းလေ..ငါ့အတွက်တော့ သွားရတာ တော်တော်တန်တဲ့ ပွဲပါပဲ...........
ငါ နင့်ကို နည်းနည်းလောက် ဆရာပြန်လုပ်ချင်လို့................
Digital Age ထဲမှာ အရေးကြီးတဲ့အချက်တစ်ချက်က Trust ပဲ... နံပတ်(၁ ) က own abilities တစ်နည်းအားဖြင့် self -confidence ဆိုတဲ့ Intrapersonal Trust ရှိရမယ် ...ကိုယ်ကိုယ်ကို မှ မယုံကြည်ရင် ဘာလုပ်လို့ရတော့မှာလဲနော့....အဲဒီတော့ ယုံကြည်မှုတွေထဲမှာအခြေခံက ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်ဖို့ပဲ....
Digital Age ထဲမှာ ပူးပေါင်းဆောင်ရွက်ဖို့က အဓိကပဲ.... ဒီတော့ Interpersonal Trust ဆိုတဲ့ လုပ်ဖော်ကိုင်ဘက်တွေပေါ်မှာ ယုံကြည်မှုရှိဖို့ရာကလည်း အရေးပါတာပဲ ....မိသားစုဆိုရင်လည်း မိသားစုအလျောက် ယုံကြည်မှုပေးရမယ်............လုပ်ငန်းခွင်ထဲက partners တွေပေါ်မှာလည်း ယုံကြည်ဖို့လိုတယ်........လူတိုင်းကို မယုံသင်္ကာစိတ်၊ သံသယမျက်လုံးတွေနဲ့သာ ကြည့်နေရင် ကိုယ်အလုပ်ကို ဘယ်လိုလုပ်ပြီး ဆက်လုပ်တော့မလဲနော့......
နောက်ထပ် ယုံကြည်မှုထားရမယ့်အရာကတော့ ကိုယ်လုပ်နေတဲ့ ၊ ကိုယ်လုပ်မယ့် အလုပ်ပဲ........အဲဒီယုံကြည်မှုကိုတော့ System Trust လို့ခေါ်တယ် ........လုပ်နေတဲ့ ၊ လုပ်မယ့် အလုပ်ကို မယုံကြည်နိုင်ဘူးဆိုရင် ဒီအလုပ်ကို တိုးတက်အောင်မြင်ဖို့ ဘယ်လို ခေါင်းမျိုးနဲ့ တွေးမလဲ၊ ကြံစည်စိတ်ကူးမလဲ..........ကိုယ့်အလုပ်ဟာ အောင်ကိုအောင်မြင်မယ်လို့ ယုံကြည်ထားမှသာ အောင်မြင်ဖို့ နည်းလမ်းတွေကို ရှာဖွေ တွေးတော ကြံစည် စဉ်းစား ဆောင်ရွက်တော့မှာပေါ့ဟာ........
ပျင်းပြီလား......သည်းခံပါဦး......နောက် တစ်ချက်ပဲကျန်ပါတော့တယ် ....အဲဒီဟာလည်း အရေးပါတာပဲ...ဘာလည်းဆိုတော့ Object Trust ဆိုတဲ့ အသုံးပြုတဲ့ devices ပေါ်မှာ ယုံကြည်မှုထားရခြင်းပဲ....အသုံးပြုတဲ့ ကိရိယာတွေပေါ်မှာ ယုံကြည်မှုမရှိရင်လည်း အလုပ်ကို စိတ်ချလက်ချ ဘယ်လိုလုပ် လုပ်မလဲနော့ .....
ok! ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ



jj

Tuesday, August 7, 2007

မန်းတောင်ရိပ် ခိုရအောင်...

အသက်လေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ကို ခို.........ဆိုတဲ့ စကားရှိပါတယ်......
ကျနော်တို့လည်း သက်ရှည်ကျန်းမာစေဖို့ မန်းတောင်ရိပ်ကို ခိုကြစို့လား.....
စီးပွားရေး ကြီးပွားရေးတွေနဲ့စိတ်တွေ ပင်ပန်းနေမှာပေါ့....
ို မန်းမြေ ကနေ ကြိုဆိုပါရစေ......

ကောင်မလေး




ကြည့်နော်..
ကျက်သရေရှိတယ်မလား..
မြင်လိုက်ရတာ ရင်အေးရဲ့မလား..
ချစ်စရာ ကောင်းတယ်နော်
အားကျပြီး လိုက်လိမ်းတော့မယ်ထင်တယ်


jj

software requirements definition

A software requirements definition is an abstract description of the services which the system should provide and the constraints underwhich the system must operate.


jj