ချစ်ခြင်းဆိုတာဟာ သင်္ချာပုစ္ဆာတစ်ခုရဲ့ အဖြေလို ကြောင်းကျိုးဆက်သွယ် တွေးခေါ်ရှာဖွေမှုပေါ်မှီပြီး ပေါက်ဖွားလာတာမျိုး မဟုတ်ပါဘူး........ချစ်ခြင်းဟာ ဘောဂဗေဒလို အရှုံးအမြတ် အကျိုးအပြစ် တွေကို လည်း ထည့်မတွက်ပါဘူး....နိုင်ငံရေး မဟာမိတ် ဖွဲ့နည်းလို နီးစပ်မှု တူညီမှု အပြန်အလှန် ကျေးဇူးပြုမှု ဆိုတဲ့ သဘောကိုလည်း ထည့်မစဉ်းစားပါဘူး....တူပေမယ့် ချစ်ချင်မှ ချစ်တယ်....မတူပေမယ့်လည်း ချစ်ချင်ချစ်တယ်....ချစ်လာပြန်ရင် မတူတာကိုလည်း တူတယ် မြင်ချင်မြင်တယ်.....မချစ်ပြန်ရင် တူတာကိုလည်း မတူသလို မြင်ချင်မြင်တယ်....ချစ်ရေးကိစ္စမှာ စဉ်းစားချင်ရင် မချစ်ခင်က စဉ်းစားမှ အမှန်မြင်ချင်မြင်မယ်...... ချစ်ပြီးမှ စဉ်းစားရင် စဉ်းစားရာ မရောက်ဘူး.....လိုရာဆွဲတွေးတာသာ ရှိမယ်....
(တက္ကသိုလ်ဘုန်းနိုင်- ပိတောက်ချင်းတော့ မတူပါလေ)
Sunday, February 17, 2008
သိစေချင်လို့....
Posted by
julysan
at
7:15:00 PM
0
comments
Labels: သူငယ်ချင်းသို့
ဒါဝင်ရဲ့ တောအုပ်
............နောက်ခံ ရိုက်ကွင်းတွေ ပြောင်းသွားမယ်
ကမ္ဘာဦးအတိုင်းပါပဲ
ဘာများထူးခြားလို့လဲ
ယဉ်ကျေးမှုတွေ သုတ်လိမ်းထားတဲ့
ကွန်ကရစ် တောအုပ်အလယ်မှာ
ကျွန်တော်တို့ဟာ
မြင်းစီးကောင်းဘွိုင်တွေအတိုင်း
စကားလုံးတွေ တဒိုင်းဒိုင်းပစ်တယ်
နီယွန်မီးများအောက်မှာ
နည်းပညာအသစ်တွေနဲ့ ၀င်စိုက်မယ်
.............
(ချမ်းငြမ်းအေး)
jj
Posted by
julysan
at
6:28:00 PM
0
comments
Labels: For...
Subscribe to:
Posts (Atom)