ဒီနေ့မနက် ၈ နာရီ ခွဲလောက် လွန်းပြည့်နဲ့ ချိန်းထားတဲ့အတွက် မိန်းထဲကို သွားတဲ့အခါ ...
ဂေါ်ရာ ဆီဆိုင်ရှေ့ကနေ ဖြတ်သွားရပါတယ်.....
ဆီဆိုင်ရှေ့ သံတံခါးမှာ ဆီထုတ်ဈေး ၂၅၀၀ကျပ်လို့ ရေးထားတာကို တွေ့လိုက်ရပါတယ်...
အဲဒီတုန်းကတော့ သြော်....ဆီဈေးတော့ တက်ပြန်ပြီလို့ပဲ တွေးမိပါတယ်.......
လွန်းပြည့် အဆောင်ရောက်တော့ xeon သွား....
၁၁ ခွဲလောက်မှ အဆောင်ကို ပြန်လာကြပါတယ်....
ရောက်လို့ အမောမှ မပြေသေးပါဘူး.....
third year က အမ က နင်တို့ ကျောင်းကားခ နှစ်ရာ ဖြစ်သွားပြီလို့
ဆီးပြောပါတယ်......
ှဆီဈေးတက်လို့ ကားခဈေးတက်ပါတယ်တဲ့......
စတာ နောက်တာဖြစ်ပါစေလို့ ဆုတောင်းပြီး ထွက်လာကြပါတယ်...
နှစ်ယောက်သား ..ကားဂိတ်ရောက်တော့ ကားစပယ်ရာဆီကနေ အတည်ပြုချက်ယူပါတယ်...
ဟုတ်ပါသတဲ့ရှင်.....
နှစ်ရာပါတဲ့...........
ကျနော်တို့နှစ်ယောက် ထိုင်ငိုချင်စိတ်တောင် ပေါက်ပါတယ်..........
အသွား နှစ်ရာ...အပြန် နှစ်ရာ.....စက်ဘီးအပ်ခ တစ်ရာ...
တစ်ရက်ကို မစာရ မသောက်ရ ငါးရာ.............
ကျနော်တို့ ကျောင်းသူတွေဆိုရင်...လက်ပံပင် ဆက်ရက်ကျတဲ့ အတိုင်း...
ကားပေါ်မှာ ဆူညံနေပါတယ်....
ဈေးလည်း ဆစ်လို့မရပါဘူး.....
ကျောင်းသူတွေကို သေဌေးမှတ်နေသလား....
ရွှေအိုးရှိလို့ ကျောင်းတက်နေတာ ထင်နေလား...
ဘာ ညာ ပေါ့.........
တစ်ယောက် တစ်ခွန်း ဘာတွေမှန်းကို မသိပါဘူး.........
ဒါပေမယ့် အားလုံးပြောနေတာကတော့ ကားခကို မကျေနပ်တာပါ...........
ကျနော်ဆိုရင် အိမ်က တစ်ရက် ကို မုန့်ဖိုး ငါးရာပဲပေးပါတယ်...
ကျောင်းတက်ခ သုံးရာနှုတ်လိုက်ရင် ကျနော့်အတွက် နှစ်ရာတော့ ကျန်ပါတယ်....
တစ်ပတ်ဆိုရင် တစ်ထောင်ကျန်ပါတယ်...
Cafe မှာ နှစ်နာရီတော့ သုံးနိုင်ပါသေးတယ်......
ဒီနေ့တော့ အကုန် ကုန်ခဲ့ပါပြီ...
ပညာရှာရတာအဖိုးတန်မှန်း အခုမှ ကောင်းကောင်း သဘောပေါက်ပါတယ်....
ရတနာပုံက ဘွဲ့တစ်လုံးရဖို့ တော်တော်ရင်းနှီးမြုပ်နှံရမယ်ဆိုတာလည်း...
သိလိုက်ပါတယ်....
ကားခဈေးတက်တဲ့ အတွက်..ပထမတုန်းကတော့...စပယ်ရာကို ပွစိပွစိ ပြောကြပါတယ်....
ဒါပေမယ့် university ကျောင်းသူတွေလေ...............
ဦးဏှောက်တော့ ကောင်းပါသေးတယ်..............
ပြသနာရဲ့ ဇစ်မြစ်ကို စဉ်းစားကြပြီး ...ကြားထဲက ဓါးစာခံ ဖြစ်ရတဲ့ ...
စပယ်ရာကို တောင် သနားမိပါသေးတယ်.................
အဲဒီတော့လည်း .....ကျယ်ကျယ်အသံ မထွက်လာဘဲ......
တိုးတိုး တိုးတိုးသံတွေ ....အုပ်အုပ်ထွက်လာပြန်ပါတယ်....
ကားခသက်သာအောင် ဘာလုပ်ရင်ကောင်းမလဲ.....ပါချုပ်ကို တက်တိုင်ရင် ကောင်းမလား...
ကျောင်းမတက်ဘဲ နေရင် ကောင်းမလား........
ကျောင်းကို စက်ဘီးနဲ့ တက်တော့မလား..
အမျိုးမျိုး တွေးကြည့်ပါတယ်.............
တွေးရင်း တွေးရင်း .....ကားခနှစ်ရာ ထုတ်ပေးလိုက်ရပါပြီ....
မီးနေသည်ဟာ...တစ်ရက်ကို ယမမင်းနဲ့ သုံးကြိမ် စစ်ခင်းတယ်ဆိုလား...
ကြားဖူးပါတယ်...
ကျနော်တို့ ကျောင်းသူတွေကတော့ တစ်ရက်ကို အသွားနာရီဝက်.....
အပြန် နာရီဝက် ....ယမမင်းကို မျက်စပစ်ပါတယ်...........
ရတနာပုံကျောင်းကားတွေကို မြင်ဖူးကြမှာပေါ့နော်..............
ဆရာကြီးတွေကတော့ welcome လုပ်တိုင်း ကျောင်းသူတွေ ကားတွဲမစီးဖို့.....
ရှေ့ခန်းမှာ သုံးယောက် မစီးဖို့.....ကျောင်းသားတွေ ကားအမိုးပေါ် မစီးဖို့.....
မှာပါတယ်.............
ကားသမားတွေကတော့ ဆရာကြီးတွေ မှာတာကို မသိတာလား.............
မသိယောင်ဆောင်တာလား...........တစ်ခုခုတော့ တစ်ခုခုပေါ့နော်....................
ကျောင်းသားတွေဆိုရင် အမိုးပေါ် ဇွတ်တက်ခိုင်းပါတယ်.....
ကျောင်းသူတွေဆိုရင် ကားထဲမှာ ပြည့်နေရင်....... ဇွတ်တွဲခိုင်းပါတယ်.......
ကျနော်တို့က ကျောင်းသားတွေပဲ.....သူတို့ခိုင်းတိုင်း လုပ်စရာမလိုဘူးလို့ မအောက်မေ့ပါနဲ့.........
ကားသမားက သစ်စာရှိပါတယ်.............
ကားနောက်ခုံ တွဲလူမပြည့်မချင်း မထွက်ပေးပါဘူး........
ဆိုတော့ ကျောင်းသားတွေပဲ အိမ်ပြန်ချိန် နောက်ကျပါတယ်...
ကျောင်းသွားချိန် မမီပါတယ်......
နောက်ဆုံးတော့ လည်း.......ကျောင်းသူတွေမှာ ဖြစ်ချင်ရာဖြစ် မဘချစ်လို့..........
နှလုံးသွင်းရင်း...........လေညင်းခံရပါတယ်..........
ကျောင်းသားတွေလည်း အမိုးပေါ်က စီးရတော့ လောကကြီးကို အပေါ်စီးက ...
ကြည့်ရတာပေါ့ဆိုပြီး.........ဆက်ကပ်အဖွဲ့ထဲဝင်လို့ရနိုင်တဲ့ ခုန်ပျံကျော်လွှားမျိုးနဲ့...
လွှားခနဲ...လွှားခနဲ................
ကျောင်းသားတွေလည်း ယောင်လို့များ နောက်ကတွဲမလိုက်ပါနဲ့........
ကျောင်းသူတွေရဲ့ ပြာကျသွားနိုင်တဲ့ နဂါးမာန်မျက်စောင်းကို တစ်ပွေ့ကြီး ...
ရသွားနိုင်ပါတယ်..........
ကျောင်းသူတွေက ကားထဲနဲ့ ကားနောက်ခုံ ဟာ သူတို့ပိုင်နယ်မြေလို့ကို သတ်မှတ်ထားပါတယ်...
နောက်ဆုံး..................
ကျောင်းသားတွေ ...ပြည့်ကျပ်ပြီး...ခြေချစရာ မရှိတော့မှာ ကားကို ထွက်ပါတယ်........
ကျနော်လည်း အစတုန်းကတော့....တွဲမစီးဘူးလို့ ဆုံးဖြတ်ပေမယ့်...
ကိုယ်ပဲ ကျောင်းနောက်ကျတာကြောင့် ကြုံသလိုပဲ ကျောင်းသွားရပါတယ်.........
ဒါပေမယ့် ဒီနေ့ကစပြီး...နှစ်ရာပေးရတဲ့ အတွက် တန်အောင် ထိုင်ပဲစီးတော့မယ်လို့..........
ဆုံးဖြတ်ရင်း...........................
(မျက်စိလည် လမ်းမှားပြီး...ကားခဈေးပြန်ကျပါစေလို့....
တိတ်တိတ်လေး ဆုတောင်းနေမိပါပြီ.................)
jj
Wednesday, August 15, 2007
တကယ်မပျော်နိုင်ပါ..........
Posted by
julysan
at
5:51:00 PM
0
comments
Labels: လွမ်းတင်းပြောပါသတော်
Monday, August 13, 2007
လွမ်းတင်းပြောပါသတော်....
ဟုတ်ကဲ့ .....အဲဒီ label လေးရဲ့ အောက်မှာ ကျနော့်ရဲ့ ကျောင်း feel လေးတွေကို တင်သွားမှာ ဖြစ်ပါတယ်...
ဒီ ခေါင်းစဉ်လေး ရွေးချယ်ဖြစ်တဲ့ အကြောင်းကို နည်းနည်းလောက် လက်ရှည်ခွင့်ပြုပါ....
( ပြု ပြု မပြုပြု ရှည်လိုက်ပြီ.....)
ဒီ labelဟာ ၀တ်ထုတစ်ပုဒ်ရဲ့ ခေါင်းစဉ်ပါ...
စာရေးသူက နတ်နွယ်...ထင်ပါတယ်...
magazine က စစ်ပြန်လား...ဘာလား...သေသေချာချာ မမှတ်မိတော့ပါဘူး...
ဖတ်မိထားတာကိုက (၃) နှစ်လောက်ရှိနေပါပြီ...
magazine ကလည်း အဲဒီတုန်းက ကို တော်တော်ဟောင်းနေပါပြီ.....
ဇာတ်လမ်းအကျဉ်းကတော့...ဦးဘဆိုပါစို့...ဦးဘဟာ တည်းအိမ်ကနေ ဘူတာကြီးကို ဆိုက်ကားနဲ့ ဆင်းလာတဲ့ အခါ ဆိုက်ကားဆရာကို ရထားမီအောင် မြန်မြန်လေးနင်းပေးဖို့ တောင်းပန်ပါတယ်...
ဆရာသမားက (နေရာ မမှတ်မိတော့ပါ) တစ်နေရာကို ရောက်တဲ့အခါ ဆိုက်ကားရပ်ပြီး မင်းကြီးမင်းလေးကို
လဖက်ထုတ်နဲ့ ပသသေးပါသတဲ့.....
ဦးဘဟာ မြန်မြန်ပါဆိုမှ ရပ်တဲ့ အတွက် စိတ်ချဉ်ပေါက်မိပါတယ်...
ဒါပေမယ့် ကံအားလျော်စွာ ရထားကို သီသီလေးမီပါတယ်....
ဆိုက်ကားခရှင်းတော့ ဆရာသမားက လဖက်ဖိုးပါ ပိုတောင်းပါတယ်...
အခုလို ရထားမီရတာ လည်း မင်းကြီးမင်းလေး ဘုန်းတော်ကြောင့်းလို့လည်း ပြောပါသေးတယ်....
ဦးဘဟာ ရထားမမီမှာ စိုးတဲ့အတွက် ဘာမှမပြောတော့ဘဲ တောင်းသလောက်ပေးပြီး ရထားပေါ် အမြန်တက်ခဲ့ပါတယ်....
ရထားပေါ်ရောက်တော့ ခုံချင်းကပ်ရပ်က မိတ်ဆွေ (ဦးမြ ဆိုပါစို့...)ဖြစ်နေပါတယ်....
မျက်နှာချင်းဆိုင်က ခုံမှာတော့ တောင်ပြုံးပွဲပြန် မိန်းမကြီး နှစ်ဦးဟာ...မင်း(၂) ပါးအကြောင်းကို
အားရပါးရ ခန်းဖွင့်နေပါတယ်.....
ဦးဘနဲ့ ဦးမြဟာ ခေတ်ပညာတတ်လူငယ်တွေဆိုတော့ မြင်ပြင်းကတ်လာဟန်တူပါတယ်....
မင်း(၂) ပါး ကို စောင်းပြီး ချိပ်တိတ်တိတ် ရိပ်တိတ်တိတ် တွေပြောပါတယ်...
(ပြောစကားကို မမှတ်မိတော့ပါ..) ဆိုလိုရင်းကတော့ နတ်ချင်း တွေဟာ တကယ်ကောင်းတဲ့ တေးတွေပါ...
အဲဒီတေးသံစဉ်တွေကို ယူပြီး..နတ်သံဖျောက်ပစ်လိုက်ရင် ...ကောင်းမယ်ပေါ့ ..ဘာညာပြောကြတဲ့အခါ
အဒေါ်ကြီးနှစ်ယောက်ဟာ ...သူတို့ကို မျက်လုံးပြူး မျက်စံပြူး ..ကြည့်ပြီး...လက်အုပ်လေးတွေချီကာ...
" လွမ်းတင်းပြောပါသတော်....လွမ်းတင်းပြောပါသတော်..အမိုက်အမဲလေးတွေမို့ ဗွေမယူပါနဲ့. "
လို့ ကျယ်ကျယ်လေး တောင်းပန်ပါသတဲ့.....
ဝတ်ထုခေါင်းစဉ်လေးနဲ့ အကြောင်းအရာလေးကို ကြိုက်လွန်းလို့....လက်ထဲမှာ စာအုပ်ရှိတုန်းကတော့
ခဏခဏ ပြန်ဖတ်ပါတယ်....အခုတော့ စာအုပ်ကို ဘယ်သူသမသွားမှန်း မသိတော့ပါဘူး....
ဒါပေမယ့် ဇာတ်လမ်းလေးကတော့ စွဲနေပါတယ်.....
ဟုတ်ကဲ့......ကျနော်လည်း......
" လွမ်းတင်းပြောပါသတော်....လွမ်းတင်းပြောပါသတော်..အမိုက်အမဲလေးတွေမို့ ဗွေမယူပါနဲ့. ".
jj
Posted by
julysan
at
11:28:00 AM
0
comments
Labels: လွမ်းတင်းပြောပါသတော်
မင်္ဂလာပါ
အားလုံးပဲ မင်္ဂလာပါ..
ကျနော်က အခုမှ စလုံးရေစမလို့ပဲ ရှိနေပါတယ်
အစတုန်းကတော့ blog တစ်ခုဖြစ်အောင်လုပ်နိုင်ပြီဆိုရင်
ကိုယ့်ကျောင်းနဲ့ ပက်သက်ပြီး အောင်းလာခဲ့ရတာတွေကို
အရင်ဆုံး ရေးမယ်လို့ စိတ်ကူးရှိပါတယ်
ဒါပေမယ့် တကယ့်လက်တွေ့ ရေးရတော့မယ်ဆိုတော့
နည်းနည်း လက်တွန့်မိတယ်...
ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းရမှာဆိုတော့ ကိုယ်ပဲ နာမှာလေ.....
အင်း.......ဘာပဲဖြစ်ဖြစ် အနာခံလိုက်ပါမယ်လေ..........
ကျနော်တို့ ကျောင်းဟာ အာရှတိုက်ရဲ့အရှေ့တောင်ပိုင်းမှာတည်ရှိတဲ့ (အတိအကျ မမေးနဲ့နော် ..မသိဘူး )
ပြည်ထောင်စုမြန်မာနိုင်ငံ ၏ ဒုတိယ အကြီးဆုံuးniversity ပါ ( ကြုံတုန်းကြွားထားရတာ..)
ဟုတ်ကဲ့ ...အခုဆိုရင် ကျနော်တို့ Uni မှာ e-library အသုံးပြုခွင့်ရပါပြီ....
စက်က 10 လုံးပဲ ရှိတယ့်အတွက် တစ်ရက်မှာ မေဂျာ ၅ခုလောက် သုံးရပါတယ်...
တစ်မေဂျာကို စက်နှစ်လုံးပေါ့.....
allow time ကတော့ 10 -12am ပါ....
စဉ်းစားကြည့်စေချင်ပါတယ်.....
ဆရာကြီးတွေ သိလား မသိဘူးလားတော့ မသိပါ......
ကျနော်တို့ ကျောင်းသားတွေတော့ အချိန်ပြည့် ဘယ်တော့မှ မရပါဘူး
အဲ ...ပြီးတော့ blog မကြည့်ရဘူးတဲ့ .....
ကျနော်လည်း ကြောက်တတ်ပါတယ်...
ဘာတွေ ညာတွေ ဘာမှ မကြည့်ရဲပါဘူး...လုပ်လည်းမလုပ်ရဲပါဘူး...
blog ဆိုတာကလည်း အတန်းဖော် သီဟ က တင်ထားတာပါ....
ရိုးရိုးလေးပါ....ရှင်းရှင်းလေးပါ....
connection ဆိုတာကလည်း ကောင်းလိုက်တာမပြောပါနဲ့....
wikipedia ဆိုလည်းမရ....ခေတ်လူငယ်ဆိုလည်းမရ.....
ရတဲ့ blog ကြမကြည့်ရတဲ့.........
ကောင်းကြသေးရဲ့လား........
သက်တော်စောင့် လိုချင်သူများ ကျနော့်ကို ဆက်သွယ်ပါနော်......
ဘာလို့လည်းဆိုတော့ ကျနော်တို့ e ခန်းဝင်တဲ့ အခါ....
တာဝန်ကျ ဆရာမနှစ်ယောက်ဟာ ကျနော်တို့ cs ကျောင်းသားတွေအနားကနေ
အခွာပါဘူး........
ချစ်လွန်းလို့ ထင်တယ်နော်........
e ခန်းဝင်ရတာ သက်တော်စောင့် အလကားရပါသေးတယ်.......
e ခန်းမှ သုံးရတာ မကြာသေးဘူး......
ကျောင်းကြီးရေ၀င်လို့ .....ကျောင်းကို တရားမ၀င် ပိတ်လိုက်ရပါတယ်....
ကျနော်တို့ကျောင်းကို ဒီနေရာမှာ တည်ဖို့ အကြံပေးတဲ့ သူတွေရော...
လက်တွေ့တည်တဲ့ သူတွေရောကို ကျနော် တကယ်ကျေးဇူးတင်မိပါတယ်....
ကျနော်တို့ အနားရတာမို့.......
ကျနော်တို့ကျောင်းကို june 1st က စဖွင့်ပါတယ်....
ဒါပေမယ့် သိတော်မူကြတဲ့ အတိုင်း july ကုန်တာတောင် ဘာစာမှ မသင်ရသေးပါဘူး
၈ လပိုင်းလည်းရောက်လို့ အားကြိုးမာန်တက် သင်ကြမယ်...တတ်ကြမယ်....ကျက်ကြမယ်လည်း ဆိုရော...
ရေကလည်း အားနဲ့ မာန်နဲ့ တက်လာလိုက်တာ........ဟော..ဟော ...နဲ့
မကောင်းဘူးလား...ကောင်းတာပေါ့နော့......
အိမ်ပြန်တဲ့သူတွေလည်းပြန်......
နဂိုကမှ ပျင်းတတ်တဲ့ ကျနော်ကတော့ ဇိမ်ကိုကျလို့........
ဒါပေမယ့် အခုတော့ ရေကျသွားပါပြီ...
mon day ဆို ကျောင်းပြန်တတ်ရတော့မယ်........
အခုမှ အပျင်းရှိန်က တတ်တုန်း......
အရှိန်တတ်လက်စ ရတနာပုံ ကျောင်းတော်သားများ အရှိန်သတ်ကြတော့နော်....
တော်ကြာ ကျောင်းခေါ်ချိန် မပြည့်ဘူးတွေ ဘာတွေ ဖြစ်နေဦးမယ်.......
ကျနော်လည်း ဒီတင် ရင်ပါတော့မယ်.......
ပိုက်ပိုက် ကုန်ခါနီးနေလို့..................
jj
Posted by
julysan
at
11:25:00 AM
0
comments
Labels: လွမ်းတင်းပြောပါသတော်

